Published_ 1 August 2023

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းအဆင်းတွင် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ပွားပြီး၊  (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ‌ယင်းဒေသအ‌ခြေစိုက် ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့ ထံ သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူ (၆)ဦးကို အခင်းဖြစ်ပွားဪာနေရာမှ ကယ်ထုတ်နိုင်ခဲ့ပြီး၊ မြဝတီမြို့ ပြည့်သူဆေးရုံရကီးသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိာပါဖြစ်စဉ်သည် ယနေ့ ဩဂုတ်(၁)ရက် နံနက် ၁၀နာရီ ဝန်းကျင်အချိန်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အာရှလမ်း နတ်စင်အကွေ့တွင် မြဝတီဘက်မှ ဆင်းလာ‌သော ခရီးသည်တင်အန်စာတုံးယာဉ် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယင်းအာရှလမ်းမကြီးတစ်လျှောက် နတ်ဆင်ကွေ့အဆင်းသည် မကြာခဏ ယာဉ်များတိမ်းမှောက်နေသည့် နေရာတစ်နေရာလည်းဖြစ်သည်။
Yangon Times/my
#Local_News
#YMG #Yangon_Times