Published_ 1 August 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် သြဂုတ်လပထမရက်(၁)ရက်တွင် မြန်မာလုပ်သား (၁၃၉)ဦးကို စေလွှတ်ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။

ယင်းကဲ့သို့စေလွှတ်သော ကုန်ထုတ်လုပ်သားသစ် (၁၃၉)ဦးသည် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာမြန်မာသံရုံး၊ ဆိုးလ်မြို့မှ  အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း EPSစနစ်ဖြင့် မြန်မာလုပ်သား(၁၀၄၉) ဦးကို စေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
#Yangon-Times/BM
#Local_News
#YMG #Yangon_Times