Published 3 Nov 2021
အခြေပစ္စည်းနှင့်ကုန်ပစ္စည်းရောင်းခြင်းဝယ်ခြင်း၊လွှဲပြောင်းခြင်းတွေအတွက် ငွေသားနှင့်ပေးချေတာကို ကျပ်သိန်း ၂၀၀ထက်မပိုစေဖို့နှင့် ကျန်သိန်း၂၀၀ထက်ပိုပါက မည်သည့်ပေးချေမှုတွေကိုမဆို ဘဏ်စနစ်အသုံးပြု၍ ဒစ်ဂျစ်တယ် ငွေပေးချေမှုနည်းလမ်းများဖြင့်သာပေးချေကြရမယ်လို့ ဗဟိုဘဏ်က ဒီကနေ့နိုဝင်ဘာ ၃ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ တစ်ခုထုတ်ပြန်ခဲ့ပါတယ်။
 
ထုတ်ပြန်ချက်အရ ကျပ်သိန်း၂၀၀ထက်ပိုတဲ့အတွက် အသုံးပြုရမယ့် ဒစ်ဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေဟာ မိုဘိုင်းဘဏ်လုပ်ငန်း၊အင်တာနက်ဘဏ်လုပ်ငန်းများဖြင့် ပေးချေခြင်း၊ဘဏ်ကတ်များဖြင့်ပေးချေခြင်း၊ချက်လက်မှတ်/ငွေပေးအမိန့်လွှာPO များဖြင့်ပေးချေခြင်း၊စာရင်းပြောင်းပေးချေခြင်တို့နှင့် ငွေသားဖြင့်ဘဏ်သို့ပေးသွင်းပြီး ငွေသွင်းပြီးကြောင်း စာရွက်စာတမ်းအထောက်အထားပြသ၍ ငွေပေးချေခြင်းနည်းလမ်းများကို အသုံးပြုရမှာဖြစ်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြပါရှိပါတယ်။
 
ယင်းအမိန့်ကိုမလိုက်နာပါက တည်ဆဲဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။