Published_ 26 July 2023

ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာကုန်ထုတ်လုပ်သားသစ် (၁၄၉)ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့ မြန်မာသံရုံးကသိရသည်။

EPS စနစ်ဖြင့် ဇူလိုင်လ၂၅ရက်အထိ မြန်မာလုပ်သားစုစုပေါင်း(၈၉၉)ဦးကို ၆ကြိမ်စေလွှတ်ခဲ့ပြီး ယင်းကဲ့သို့စေလွှတ်ခဲ့ရာတွင် ကုန်ထုတ်လုပ်သားသစ်၊ ဆောက်လုပ်ရေးလုပ်သားသစ်၊ စိုက်/မွေးလုပ်သားသစ်များပါဝင်ကြောင်းသိရသည်။

ယင်းကဲ့သို့စေလွှတ်ခဲ့ရာတွင် EPS စနစ်ဖြင့် ဇူလိုင်လ၄ရက်က မြန်မာလုပ်သား စုစုပေါင်း (၁၅၃) ဦးလည်းကောင်း ၊ဇူလိုင်လ ၁၀ရက်က EPSစနစ်ဖြင့် Regularကုန်ထုတ်လုပ်သား(၁၄၆)ဦးကိုလည်းကောင်း၊ ဇူလိုင်လ၁၂ရက်တွင် မြန်မာလုပ်သား (၁၄၉)ဦးကိုလည်းကောင်း၊ဇူလိုင် ၁၈ရက်တွင်မြန်မာလုပ်သား(၁၅၁) ဦးကိုလည်းကောင်း၊ ဇူလိုင်လ၁၉ရက်က မြန်မာလုပ်သား (၁၅၁)ဦးကိုလည်းကောင်း စေလွှတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာလုပ်သားများရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့
ရောက်ရှိခဲ့ချိန်တွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက် များကို မှာကြားခဲ့ကြောင်းသိရသည်။
Yangon-Times/BM
#Local_News
#YNG #Yangon_Times