Published_ 26 July 2023

ပြည်မြို့တွင် အိမ်စီးကား ၁စီး စလစ်ဖြစ်ပြီးသစ်ပင်ကိုဝင်တိုက် မိ၍ ကားပေါ်ပါ အမျိုးသား၁ဦးသေဆုံးကာ ၂ဦးထိခိုက်ဒဏ်ရာမှု ယမန်နေ့ညက ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှသိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ရက် ည(၁၁)နာ ရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းခရိုင်၊ ပြည်မြို့ ဘုရင့်နောင်လမ်းမဘေး( ရွှေလင်ပန်းဘုရားအနီး)တွင် အိမ်စီးကားတစ်စီး စလစ်ဖြစ်၍အပင်နှင့်တိုက် မိကာ ကားထဲတွင် အမျိုးသား၃ဦး ညပ်နေကြောင်းသိရသည်။

"ကားရှေ့ခေါင်းခန်းအတွင်းက အမျိုးသား၁ဦးက ပြင်းထန်ဒဏ်ရာရပြီးသေဆုံးပါတယ်။ နောက်အမျိုးသား၁ဦးက ဦးခေါင်းဖု ခြေလက်ပေါက်ပြဲဒဏ် ရာရတယ်။ကားနောက်ခန်းက အမျိုးသား၁ယောက်က ခြေထောက်ညက် ဒဏ်ရာရပါတယ်"ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ပြည်)က သိရသည်။

အခင်းဖြစ်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းနှင့် ဝိုင်းဝန်းကူညီကြသူများ ပူးပေါင်းကူညီပေးခဲ့၍ လိုအပ်သည်များပြုစုပေး၍ ဆေးကုသမှုခံယူရန်အတွက် ပြည်ဆေးရုံကြီးအရေးပေါ်ဌာနသို့ပို့ဆောင်ကူညီပေးခဲ့ပြီးသေဆုံးသူအမျိုးသားအား အရေးပေါ်ဌာနမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
Yangon-Times/PP
#Local_News
#YNG #Yangon_Times