Published_ 26 July 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒညင်းကုန်းသံလမ်းအနီးတွင်ယနေ့ညနေက စက်ဘီးစီးလာသူ အမျိုးသား၁ဦးယာဥ်တိုက်ခံရ၍သေဆုံးခဲ့မှုဖြစ်ခဲ့ကြောင်း ရွှေ မေတ္တာလူမှုကူညီရေးအသင်းကသိရသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိပြီး ၎င်းမှာရွှေပြည်သာမှအင်းစိန်လားရာအတိုင်းစက်ဘီးနှင့် သွားစဥ် ဒညင်းကုန်းသံလမ်းအနီးတွင် ယနေ့ညနေ ၃နာရီ ၁၅မိနစ်က ယာဥ်တိုက် မှုဖြစ်ခဲ့၍ သေဆုံးခဲ့သ​ဖြင့်Body အားကြယ်စင်မေတ္တာ နာရေးကူညီမှုကားဖြင့် အင်းစိန်ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

"ဘယ်လိုကြောင့်ဖြစ်တာလဲဆိုတာတော့ သေသေချာချာမသိဘူး။ သတင်းရလို့သွားကူညီတဲ့အချိန်မှာ ပုံပါအတိုင်းတွေ့ပါတယ်။ တိုက်တဲ့ကားသမားကလည်း ထွက် မပြေးပါဘူး။ ဖြေရှင်းပါတယ်။ ယာဥ်မှူးစစ်နဲ့အတူ ပါသွားပါတယ်။

ယာဥ်တိုက်ခံရသူအမျိုးသား၏ဖုန်းပျက်စီးသွားပြီး ဆင်းကဒ်များအားတွေ့ရှိရ၍09689596306/ 09777462917 ကိုင်ဆောင်ထားကြောင်းလည်း အဆိုပါလူမှုကူညီ​ရေးအသင်းကသိရသည်။

သေဆုံးသူအမျိုးသားတွင် ထင်ရှားအမှတ်အသား မပါရှိသလိုမှတ်တမ်း တစုံတရာမပါရှိပါကြောင်းနှင့် မိသားစုဝင််များနှင့်လည်း ယခုအချိန်အထိ အဆက်အသွယ်မရရှိသေးကြောင်းလည်းသိရသည်။
#Yangon-Times/BM
#Local_News
#YNG #Yangon_Times