Published_ 25 July 2023

ဗိုလ်တထောင်စေတီတော်တွင် ဝါတွင်းကုသိုလ်ပြုအလှူအဖြစ် ‘မေတ္တာသွေးလှူဒါန်းပွဲ’ကျင်းပသွား မည်ဖြစ်ကြောင်းဂေါပကအဖွဲ့ထံမှသိရသည်။

ဗိုလ်တထောင်ဘဏာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးပြီး မေတ္တာသွေးလှူဒါန်းပွဲအား ဩဂုတ်လ၆ရက်တွင် ဗိုလ်တထောင်စေတီတော် ဆိပ်ကမ်းလုပ်သားပေါင်းစုံဓမ္မာရုံမှာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ သွေးလှူဒါန်းပွဲသည် ဒုတိယအကြိမ်မြောက်ကျင်းပသည့် သွေးလှူဒါန်းပွဲဖြစ်ပြီး စေတီတော်ဝန်ထမ်း များနှင့်အတူ ဘုရားဖူးပြည်သူများပါတပါတည်း ကုသိုလ်ပြုသွေးလာရောက်လှူဒါန်းနိုင်ကြောင်းသိရသည်။
Yangon_Time/tthl