Published_ 25 July 2023

ရန်ကုန်တိုင်းအစိုးရအဖွဲ့က ယနေ့ ဇူလိုင် (၂၅)ရက်တွင် လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သော ပြည်သူများအတွက် ဆီနှင့် စားသောက်ကုန်ပစ္စည်းအချို့ကို သင့်တော်သောဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် လှိုင်သာ ယာအရှေ့ (၃)ရပ်ကွက်တွင် နံနက် (၉)နာရီမှ (၁၁)နာရီအထိ စားအုန်းဆီ (၁၁၀) ပိဿာ၊ ကြက်ဥ (၄,၀၀၀)လုံး၊ ထမင်း ကြက်ဥနှင့် (၅)ပွဲ ကြက်သားနှင့် (၁၀)ပွဲ ငါးဆုပ်နှင့် (၃)ပွဲကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရကြောင်း ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအ‌နေဖြင့် အများပြည်သူများ သင့်တော်သောဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်ရန်နေ့စဉ် မြို့နယ်များအလိုက် ရွေ့လျားစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

တိုင်းအစိုးရက ရောင်းချရာတွင် စားအုန်းဆီ (၁) ပိဿာ ကျပ် (၅၀,၀၀) ၊ ကြက်ဥ (၁)လုံး ကျပ် (၂၀၀)၊ ထမင်းကြက်ဥနှင့် (၁)ပွဲ ကျပ် (၅၀၀)၊ ကြက်သားနှင့် (၁)ပွဲ ကျပ် (၈၀၀)၊ ငါးဆုပ်နှင့် (၁)ပွဲ ကျပ်(၈၀၀)တို့ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times