Published_ 25 July 2023

မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင်သွေးလွန်တုပ်ကွေးထိန်းချုပ်နိုင်ရန်အတွက် အလိုတော်ပြည့် ကယ်ဆယ်ရေးစခန်းနှင့် အကူအညီတောင်းခံလာသည့် နေအိမ်(၇၀)ကျော်ကိုခြင်ဆေးများဖြန်းပေးခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှသိရသည်။

မိုးရာသီကာလ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များနေသည့်အတွက် ခြင်ဆေးများဖြန်းပက်ပေးသည့် လုပ်ငန်းများကိုဆောင်ရွက်ပေးနေပြီး အခမဲ့ခြင်ဆေးဖြန်းပေးနိုင်ရန်အလှူရှင်များအနေဖြင့် ခြင်သတ်ဆေးရည်များပါဝင်လှူဒါန်းပေးနိုင်သည်ဟုဆိုသည်။

စစ်တွေအခြေစိုက် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအနေဖြင့် ဇူလိုင်လလယ်ပိုင်းမှစပြီး ခြင်များပေါက်ဖွား မှုများသည့်နေအိမ်များ၊ဘုန်းတော်ကြီးကျောင်းများ၊စာသင်ကျောင်းများကို ခြင်ဆေးများလိုက်လံဖြန်းပေး နေပြီးခြင်ဆေးဖြန်းလိုသူများအနေဖြင့်ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟုသိရသည်။
Yangon_Time/Tthl
#Local_News
#YMG #Yangon_Times