#Local_News
Published_ 27 May 2023

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝန်းအတွင်း ရေမြောင်းထဲမှာ ပျောက်ဆုံးနေတဲ့ အငှားယာဉ်မောင်း အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မေလ ၂၆ရက်မှာ တွေ့ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းမှ သိရသည်။

 

မေလ၂၅ ရက်၊ နေ့လယ် ၂ နာရီ ဝန်းကျင်မှာ နေအိမ်နဲ့အဆက်အသွယ်မရတော့လို့ မိသားစုဝင်တွေက ရဲစခန်းမှာအမှုဖွင့်ထားခဲ့တာဖြစ်တယ်လို့ သိရသည်။

 

မနေ့က မေလ၂၆ ရက်၊ မနက် ၇ နာရီကျော်မှာ ဇေကမ္ဘာဝန်း လုံခြုံရေးတွေက အဲဒီရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူဟာ အသက် ၃၈ နှစ်အရွယ် ကိုကျော်သူဝင်းဖြစ်ပြီး ကားနံပါတ် 5J-1837 Probox ကားကို မောင်းနှင်နေကြောင်း ပျောက်ဆုံးနေတဲ့ကားကိုတော့ မတွေ့ရသေးဘူးဟု သိရသည်။

 

သေဆုံးသူ အမျိုးသားရဲ့ ချိုင်းအောက်မှာ ထိုးသွင်းဒဏ်ရာတစ်ချက်တွေ့ရပြီး အဲဒီရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရသည်။

 

#ymg/ppk #Local_News #အငှါးယာဉ်မောင်းတစ်ဦးရဲ့ရုပ်အလောင်း
#YMG #Yangon-Media-Group