#Local_News
Published_ 27 May 2023


ရခိုင်မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် ဒုတိယမြိုင်ကြီးငူဆရာတော်အမှူးပြုသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ် မိသားစု(BGF)နှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်၊၊

 

မူလမြိုင်ကြီးငူဆရာတော်ကြီးအားရည်စူး၍ ဒုတိယမြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တဉာဏိကအမှူးပြုသော ကရင်ပြည်နယ်နယ်ခြားစောင့်တပ်မိသားစုနှင့် မြိုင်ကြီးငူအထူးဒေသမိသားစုများက ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အလှူငွေများကို မေလ၂၆ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်၊၊

 

လှူဒါန်းပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ကရင်ပြည်နယ်နယ်ခြားစောင့် တပ်မိသားစုနှင့်မြိုင်ကြီးငူအထူးဒေသမိသားစုများကိုယ်စား တာဝန်ရှိသူများကအလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၁၅၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။

 

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းတို့က ဆရာတော်များထံနဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းကြကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊

 

#ymg/tthl #Local_News #ကရင် BGF နှင့် မြိုင်ကြီးငူဒေသနေဆရာတော်များ
#YMG #Yangon_Media_Group