#Local_News
Published_ 27 May 2023


မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများအား တားဆီးထိန်းသိမ်း
ပေးရေးစသည့်အချက်များကိုတိုးမြင့်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် ဒေသကွပ်ကဲရေးမှူးများ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇ္ဇားခရိုင်၊ တက္ကနာ့ဖ်မြို့၊ Central Resort ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ နှစ်ရက်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးတွင်နယ်စပ်ကုန်သွယ်မှု ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း ညှိနှိုင်းပူးပေါင်းကင်းလှည့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအကြား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပေးရေး၊ အကြမ်းဖက်အုပ်စုများ၊ နယ်စပ်ဖြတ်ကျော်ဂိုဏ်းအဖွဲ့များက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းကို တရားမဝင်ဖြတ်ကျော်သည့် ဖြစ်စဉ်များနှင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်ထက်လွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်၊ ဒေသကွပ်ကဲမှုဌာနချုပ်(ကော့စ်ဘဇ္ဇား)၊ ဒေသကွပ်ကဲရေးမှူးနှင့်ပူးတွဲညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် Najam-Us-Sakib ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

 

#ymg/ppk #Local_News #မြန်မာ-ဘင်္ဂလားဒေ့ရှ် #နယ်စပ်ဒေသလုံခြုံရေး
#YMG #Yangon-Media-Group