#Local_News
Published_ 26 May 2023


'မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း)နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ'ကိုနေပြည်တော်တွင်(၄)ရက်ကြာကျင်း ပနေပြီးပြခန်းနေရာပေါင်း(၁၁၀)၌တရုတ်-မြန်မာနှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများပါဝင်ပြသထားကြောင်းမြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

စတုတ္ထအကြိမ်မြောက် မြန်မာ(လားရှိုး) - တရုတ် (လင်ချန်း)နယ်စပ်စီးပွားရေးကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနားကို မေလ ၂၅ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည်။

 

ယခုအကြိမ်ပြပွဲ၏ခေါင်းစဉ်မှာ “ဖွံ့ဖြိုးမှုသစ်များရရှိဖို့ လမ်းကြောင်သစ်များ တည်ဆောက်စို့” ဖြစ်ပြီး ၄ ရက်ကြာပြသသွားမည်ဖြစ်ကာ ပြခန်းနေရာပေါင်း ၁၁၀ ရှိပြီး တရုတ်-မြန်မာနှစ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီများက တက်တက်ကြွကြွ ပါဝင်ပြသသွားမည်ဖြစ်သည်ဟုဆိုသည်၊၊

 

 အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ လင်ချန်းမြို့ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး၊ မြို့တော်ဝန် Mr. Du Jianhui တို့တက်ရောက်အမှာစကားပြောကြားခဲ့သည်။

 

သံအမတ်ကြီး Mr. Chen Hai က စတုတ္ထအကြိမ်မြောက် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲအား ကျင်းပခြင်းကို ဂုဏ်ပြုခဲ့ပြီး တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်ကာ ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည်လည်း သမိုင်းကြောင်းကြာရှည်ကြောင်း၊ မြန်မာနိုင်ငံသည် အမြဲတစေ ယူနန်ပြည်နယ်၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်၊ အကြီးဆုံးသွင်းကုန်နိုင်ငံနှင့် အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်ကြောင်း၊ အခြေအနေသစ်အောက်တွင် ယူနန်-မြန်မာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်ခြင်းသည် နှစ်ဦးနှစ်ဖက်၏တူညီသည့် မျှော်မှန်းချက်များဖြစ်ကာ နှစ်ဖက်ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ လင်ချန်းမြို့သည် ယူနန်ပြည်နယ်၏နယ်စပ်မြို့အနေဖြင့် ယူနန်ပြည်နယ်က မြန်မာနိုင်ငံနှင့် ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်သည့် ရှေ့တန်းနေရာဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်သည့်တည်နေရာ အားသာချက်လည်း သိသာထင်ရှားကြောင်း၊ နှစ်ဦးနှစ်ဖက်သည် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲဟူသည့် ပလက်ဖောင်းအား ကောင်းမွန်စွာအသုံးပြု၍ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ ဒေသနှစ်ခုအကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်၍ ပိုများသည့်ပြည်သူ့အကျိုးစီးပွားများ ဖန်တီးရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံမှ ဧည့်သည်တော်များက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံသည် “Belt and Road” နှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက်ရှိကြောင်း၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် အခြေခံအဆောက်အအုံများကို ပြီးပြည့်စုံစေကာ ကုန်သွယ်ရေးဝန်ဆောင်မှု ကောင်းမွန်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအကြိမ် နယ်စပ်စီးပွားရေးကုန်စည်ပြပွဲသည် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုစသည့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။


လင်ချန်းမြို့တော်ဝန် Mr. Du Jianhui က အမှာစကားပြောကြားရာ၌ လင်ချန်းမြို့ဖွံ့ဖြိုးတိုးတက်မှုနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု အားသာချက်နှင့် အလားအလာများ၊ ဖော်ဆောင်လျက်ရှိသည့် တရုတ်-မြန်မာ ကုန်းကြောင်း-ပင်လယ်ရေကြောင်း-ရထားလမ်း ပူးတွဲပို့ဆောင်ရေးစသည့် အရေးပါစီမံကိန်းများ တိုးတက်မှုအခြေအနေများကို မိတ်ဆက်ပေးခဲ့ပြီး မြန်မာနိုင်ငံ နယ်ပယ်အသီးသီးနှင့်ပူးပေါင်းဆောင်ရွက်မှုအား အတူတကွမြှင့်တင်၍ ဖွံ့ဖြိုးတိုးတက်မှု အတူဖော်ဆောင်မည့်သဘောထားကို ဖော်ပြပြောကြားခဲ့ကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) #ကုန်စည်ပြပွဲ(၄)ရက်ကြာ ကျင်းပ #YMG #Yangon_Media_Group