#Local_News
Published_ 26 May 2023

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းနယ်မြေ၊ ဝါခင်းကြီးကျေးရွာအနီး၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၂/၃)နှင့် (၁၂/၄)အကြားတွင် မေလ ၂၆ရက်နေ့ ယနေ့ နေ့လည်ပိုင်းက ဆီသယ်ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

အဆိုပါမီးလောင်မှုကို နာရီဝက်နီးပါး မီးငြှိမ်းသတ်ခဲ့ရပြီး လူထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်း မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါ ဆီသယ်ယာဉ်ဟာ NISSAN အမျိုးအစား ဖြစ်ပြီး (၁၂)ဘီး ဂါလံ ၄၀၀၀ ဆံ့ ဆီသယ်ယာဉ်ဖြစ်ကြောင်းလည်း သိရသည်။

 

မီးလောင်မှုကို ညောင်ဦးခရိုင်မီးသတ်စခန်းမှ Foam မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ တောင်ဇင်းနယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

#ymg/ynzw #Local_News #ဆီသယ်ယာဉ်တစ်စီးမီးလောင်
#YMG #Yangon_Media_Group