#Local_News
Published-26 May2023

ရခိုင်ပြည်နယ်ရှိ မုန်တိုင်းသင့်ပြည်သူများကိုကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဆောင်ရွက်ရန် ပရဟိတမင်းသားကြီး ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် ရခိုင်သို မေလ ၂၆ရက်(ယနေ့)တွင် ဒုတိယအကြိမ်ထပ်မံရောက်ရှိခဲ့ကြောင်း သိရသည်။

 

ဆိုက်ကလုန်းမုန်တိုင်း"မိုခါ"မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေစဉ် ဒူး၌ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်သိုပြန်ခဲ့ပြီး‌နောက်ဒဏ်ရာသက်သာလာ၍ ဒုတိယအကြိမ်ထပ်မံသွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

 

"ဒဏ်ရာသက်သာလာလို မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ အမျိုးတွေဆီကို ပြန်လာနေပါပြီ။ သာလီစွပါ ချစ်သောရခိုင်ပြည်။ အကူညီပေးဖို့ ကုန်ပစ္စည်းတွေက ကုန်းလမ်းကနေလာနေပါပြီ။ ကျွန်တော်နဲ့ ပစ္စည်းအချို့ကတော့ လေကြောင်းနဲ့ပါ"ဟု ဝေဠုကျော်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးထားသည်။

 

ရုပ်ရှင်သရုပ်ဆောင် ပရဟိတမင်းသားကြီး ဝေဠုကျော်နှင့်၎င်း၏ပရဟိ တအဖွဲသည် ရခိုင်တွင် မုန်တိုင်းမတိုက်မီ ရက်ပိုင်းအလိုကတည်းက ရောက်ရှိနေခဲ့ပြီး မုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ပထမအကြိမ်၌စစ်တွေ၊ ရသေ့တောင်၊ မောင်တောမြို့နယ်များသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #မုန်တိုင်းသင့်ရခိုင်သို့ဝေဠုကျော်ထပ်မံရောက်ရှိ
#YMG #Yangon_Media_Group