#Local_News
Published_ 26 May 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ နမ့်ဟူးရွာဘုန်းတော်ကြီးကျောင်းအကျော်တွင် မေလ ၂၆ ရက်နေ့ ယနေ့မနက် အစောပိုင်းကဆယ်ဘီးကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲမှ သိရသည်။

 

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား၂ ဦးအနက်၁ ဦးမှာပင် သေဆုံးသွားပြီး နောက်တစ်ဦးမှာ ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးသွားကြောင်း အဆိုပါပရဟိတအသင်းမှ တာဝန်ခံက YMG ကိုပြောသည်။ သေဆုံးသွားသည့်အမျိုးနှစ်ဦးမှာ မည်သူမည်ဝါမသိသည့်အတွက် မိသားစုဝင်များနှင့်ဆက်သွယ်ထားပြီး လက်ရှိအချိန်မှာ မိသားစုများနှင့်အဆက်သွယ်ရရှိပြီးဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါ သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ကျောက်မဲပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နမ့်ခုံးရှမ်းများပရဟိတအသင်းမှ သိရသည်။

 

#ymg/ynzw #Local_News #ဆယ်ဘီးကားနှင့်ဆိုင်ကယ်ဝင်တိုက်မှုဖြစ်
#YMG #Yangon-Media-Group