#Local_News
Published_ 24 May 2023

ရခိုင်ရှိပျက်စီးသွားသော ဆက်သွယ်ရေးစခန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လာရောက်သည့် ဆက်သွယ်ရေးဝန်ထမ်း စုစုပေါင်းအင်အား ၄၀၀ ကျော်ဖြင့် ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မိုဘိုင်းစခန်း စုစုပေါင်း ၉၇၆ခု စခန်းပြန်လည် ပြုပြင်နိုင်ခဲ့ကြောင်း သိရသည်။

 

မိုခါမုန်တိုင်း ဘေးအန္တရာယ်မကျရောက်မီရခိုင် ပြည်နယ်အတွင်းတွင် ဆက်သွယ်ရေးအော်ပရေတာ လေးခု၏ မိုဘိုင်းစခန်း ၁၂၃၃ စခန်းရှိသည့်အနက် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မိုဘိုင်းစခန်း ၉၀၄ စခန်းဆက်သွယ်မှု ပြတ်တောက်ခဲ့ရသည်။

 

ယင်းသို့ပျက်တောက်ခဲ့သည့် စခန်းများပြန်လည်ပြုပြင်ပြီးစီးမှု ၇၉ ဒသမ ၁၆ ရာခိုင်နှုန်းသို့ရောက်ရှိပြီး ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ပေးအပ်နိုင်ပြီဟု သိရသည်။

 

ဆက်သွယ်မှုပြန်လည်ရရှိစေရေးအတွက် ပျက်စီးသွားသော မိုဘိုင်းဆက်သွယ်ရေးစခန်းများ ပြန်လည်ပြုပြင်ခြင်း ချွတ်ယွင်း ပြတ်တောက်ခဲ့သည့် မြေပေါ်/ မြေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်းများ၊ မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများနှင့် မြို့တွင်းကေဘယ်လ်ကွန်ရက်များ ပြန်လည်ပြုပြင်ခြင်း၊ စသည်တို့ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

#ymg/ppk #Local_News #မိုဘိုင်းစခန်း ၈၀ ရာခိုင်နှုန်းနီးပါးပြုပြင်ပြီးစီး
#YMG #Yangon-Media-Group