#Local_News
Published-24 May 2023

ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်နှင့်မုန်တိုင်း၏ ဆက်စပ်အရှိန်ကြောင့် မန္တလေးတိုင်းဒေသကြီး အပါအဝင်တိုင်းဒေသကြီး ၄ခုတွင် စိုက်ပျိုးသီးနှံဧက(၆၂၀၀၀) ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတိုတွင် စိုက်ပျိုးထားသည့် စိုက်ပျိုးသီးနှံ စုစုပေါင်း (၆၂,၈၃၆)ဧက ပျက်စီးခဲ့ကြောင်း နစက ကသတင်းထုတ်ပြန်ထားသည်။

 

အဆိုပါပျက်စီးသွားသည့် စိုက်ပျိုးသီးနှများမှာ ရခိုင်ပြည်နယ်မှ ငှက်ပျော (၆၀၅)ဧက၊ ကွမ်းသီးပင်(၁၃၄၅)ဧက၊ ကွမ်းရွက်ပင်(၅၈)ဧက၊ ဓနိပင် (၂၃၁)ဧက၊ ကြက်ပေါင်ဆီ(၅)ဧကနှင့် သစ်သီးဥရှည်(၁၇၀၉)ဧက၊ မကွေးတိုင်းဒေသကြီးမှာ နွေ စပါး (၁၀၉)ဧက၊ နွေနှမ်း (၄၉၅၆၉)ဧက၊ ဆောင်းနေကြာ(၈)ဧက၊ မိုးနေကြာ(၂၂)ဧကနှင့် မိုးပဲတီစိမ်း (၆၇၆၆)ဧက၊ မန္တလေးတိုင်းဒေသကြီးမှာ နွေနှမ်းဧက(၃၅၀)နှင့် မိုးပဲတီစိမ်း(၁၇)ဧက၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ နွေနှမ်း(၉၀၂)ဧကနှင့် မိုးပဲတီစိမ်း(၁၀၆၅)ဧက၊ ဧရာဝတီတိုင်းဒေသကြီးမှာ ငှက်ပျော(၇၅)ဧကတိုဖြစ်ကြောင်း နစက ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

#ymg/pl #Local_News #စိုက်ပျိုးသီးနှံ (၆၂၀၀၀)ကျော်ဧကပျက်စီး
#YMG #Yangon-Media-Group