#Local_News
Published_ 24 May 2023

Hip hop တေးသံရှင် အဆိုတော်ဗျူကို ယနေ့ မေလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ၎င်းနေထိုင်ရာရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ နေအိမ်တွင်ဖမ်းဆီးခံရကြောင်း နီးစပ်သူမိသားစုအသိုင်းအဝိုငးနှင့် လူမူကွန်ယက်စာမျက်နှာများမှသိရပါတယ်။

 

မေလ ၂၃ရက်နေ့ညပိုင်း ၎င်း၏ လူမှုကွန်ယက်မှတဆင့် လျှပ်စစ်မီးကိစ္စ Live လွှင့်ပြီးနောက်တစ်နေ့မနက်ပိုင်းမှာ အဖမ်းခံရခြင်းဖြစ်ပါတယ်။

 

တေးရေး၊ တေးဆို ဗျူဟာကို မြောက်ဒဂုံ၊ (၄၈) ရပ်ကွက်၊ ဗထူးအိမ်ရာရှိ သူ့ရဲ့နေအိမ်မှာပဲ လာရောက်ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

#ymg/ynzw
#Yangon-Media-Group