#Local_News
Published_ 24 May 2023

မုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ဒေသကိုသွားရောက်အကူညီပေးနေသည့် စာရေးဆရာဝေဟင်အောင်ကို မေလ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မေလ ၂၄ ရက်နေ့ (ယနေ့)နံနက် ၁၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူအသိုင်းအဝိုင်းမှ သိရသည်။

 

မေ ၂၃ ရက်၊ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် စာရေးဆရာဝေဟင်အောင်နှင့် လေဘေးကယ်ဆယ်ရေးအဖွဲ့ဝင် ၅ ဦးသည် မုန်တိုင်းဒဏ်သင့်ပြည်သူများကို စာနပ်ရိက္ခာများ အကူအညီပေးရန် စစ်တွေမြို့မှ ပုဏ္ဏားကျွန်းမြို့သို့အသွား စစ်တွေမြို့၊ အမြင့်ကျွန်းကျေးရွာအနီး၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ရခိုင်ပရဟိတအသင်း လူမှုကွန်ယက်စာမျက်နှာများတွင် ဖော်ပြနေကြသည်။

 

လက်ရှိတွင် ပရဟိတသမား စာရေးဆရာဝေဟင်အောင်သည် မုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် စစ်တွေ စသည့်မြို့နယ်များသို့ သွားရောက်ပြီး ကူညီကယ်ဆယ်ရေးပေးနေသူလည်း ဖြစ်သည်။

 

ရခိုင်လူငယ်စာရေးဆရာတစ်ဦးဖြစ်သည့် ကိုဝေဟင်အောင်သည် ၂၀၁၈ ခုနှစ်က ပုဒ်မ ၅၀၅၊ပုဒ်မ ၁၀၂ တို့ဖြင့်ထောက်ဒဏ်နှစ်၂၀ ချမှတ်ခဲ့ပြီး ပြီးခဲ့သည့်၂၀၂၁ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည်လွတ်မြောက်လာသူဖြစ်သည်။

 

#ymg /ynzw #Local_News #ရခိုင်လူငယ်စာရေးဆရာဝေဟင်အောင်
#YMG #Yangon_Media_Group