#Local_News
Published- 24 May 2023

ရခိုင်ပြည်နယ်ရှိ ဆိုက်ကလုန်းမုန်တိုင်း မိုခါမုန်တိုင်းသင့်ပြည်သူများအတွက်  ကူညီထောက်ပံလှူဒါန်းထားသော Sleeping Bag အရေအတွက် ၅၀ ကို မြန်မာအမျိုးသားလေကြောင်းမှ စင်ကာပူ-ရန်ကုန်ခရီးစဉ် အခမဲ့သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း MNA က သိရသည်။

 

မုန်တိုင်းသင့်ပြည်သူများအတွက် အ ထောက်အကူ ပစ္စည်းများအား မြန်မာအမျိုးသားလေကြောင်းမှ အခမဲ့သယ်ယူပို့ဆောင်မည်ဖြစ်ကြောင်းလည်း မေလ၁၈ရက်က အသိပေးထား သည်။

 

မုန်တိုင်းသင့်ပြည်သူများအတွက်အထောက်အကူ ပစ္စည်းများအား မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ နိုင်ငံခြားခရီးစဉ်များအပါ စစ်တွေခရီးစဉ်တွင် အခမဲ့သယ်ယူပို့ဆောင်လိုပါက
+95943039152,+958762370,+959458041082 ,This email address is being protected from spambots. You need JavaScript enabled to view it.
This email address is being protected from spambots. You need JavaScript enabled to view it. This email address is being protected from spambots. You need JavaScript enabled to view it.  ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထားသည်။

 

လှူဒါန်းမည့် ပစ္စည်းမှန်ကန်ကြောင်း အာမခံစာပါဝင်ရမည်ဖြစ်ပြီး လေကြောင်းလိုင်းနှင့်မသက်ဆိုင်သော အခွန်အခများရှိပါက ပစ္စည်းပို့ဆောင်သူမှကျခံရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

 

#ymg/pl #Local_News #မုန်တိုင်းသင့်ပြည်သူများ #Sleeping Bag
#စင်ကာပူ-ရန်ကုန်ခရီးစဉ်အခမဲ့ #YMG #Yangon-Media-Group