#Local_News
Published_ 21 May 2023

ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အပါအဝင် မုန်တိုင်းသင့်ဒေသများသို့ အမိုးသွပ်ပြားများ ၊ သွပ်ရိုက်သံများကို အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ လှူဒါန်းခဲ့ကြကြောင်း အဆိုပါအသင်းမှသိရသည်။

ဒါ့အပြင် ဆန်၊ ဆီ၊ ငါးသေတ္တာစည်သွပ်ဗူးများ၊ ခေါက်ဆွဲခြောက်များ၊ဆေးဝါးများ၊သောက်ရေသန့်များ၊လူသုံးကုန်ပစ္စည်းများလည်းလှူဒါန်းခဲ့ကြကြောင်းအဆိုပါအသင်းမှ ထုတ်ပြန်ထားသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိမိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ ၊ ဆေးဝါးများလှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍အလျင်မြန်ဆုံး ထိရောက်စွာ လှူဒါန်းပေးလျက်ကြောင်း အဆိုပါအသင်းမှသိရသည်။
ymg/ynzw
Yangon-Media-Group