#Local_News
Published_ 6 May 2023

သဘာဝဘေးအန္တရာယ်ဖြစ် ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင် ပြင်ဆင်ထားရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရသည်။

 

တောင်တရုတ် ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများဖြစ် ပေါ်ပြီး မြန်မာနိုင်ငံအတွင်းဝင် ရောက်လာနိုင်ကြောင်းခန့်မှန်းရရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ပထမဆုံး အစည်းအဝေးကို မေလ ၅ ရက်က ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယင်းအစည်းအဝေးတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက် တပ်ရင်း၊ တပ်ဖွဲ့များက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 

သဘာဝဘေးအန္တရာယ်ကျ ရောက်သောနိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးများကို ရာသီအလိုက်နှစ်စဉ်ကြုံတွေ့နေရ၍ ဖြစ်ပွားပေါ်ပေါက်လာပါက ပျက်စီးဆုံးရှုံးမှုနည်းနိုင်သမျှလျော့နည်းစေရန်အတွက် ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လုပ်ဆောင်ချက်များ၊ ရှာဖွေကယ်ဆယ်ရေးအပါအဝင် တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်း စဉ်များကို အစီအစဉ်အတိုင်း ဆောင်ရွက်နိုင်ရန် လိုကြောင်းလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆိုထားသည်။

 

#ymg/pl #Local_News #သဘာဝဘေးအန္တရာယ် #ကူညီကယ်ဆယ်ရေးလုပ်ငန်းများ
#Yangon_Media_Group