#Local_News
Published 6 May 2023

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ရတနာပုံလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းထောင့်တွင် သစ်ပင်လဲကျမှုဖြစ်ပွားပြီး အငှားယာဉ်ပေါ်၌ပိခဲ့သောကြောင့် ယာဉ်မောင်းဒဏ်ရာရရှိခဲ့ကြောင်း  ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းက သိရသည်။

 

ဖြစ်စဉ်မှာ မေလ ၆ ရက် မွန်းလွဲ ၁နာရီ ၃မိနစ်ခန့်က ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအရှေ့ရပ်ကွက်၊ ရတနာပုံလမ်းနှင့်အထက်ကြည့်မြင်တိုင်လမ်းထောင့်တွင် သစ်ပင်အမြစ်ဆွေးမြေ့၍ လဲကျမှုဖြစ်ပြီး အငှားယာဉ်ကိုပိနေခဲ့ကြောင်း သိရသည်။

 

"အငှားယာဉ်ပေါ်ကို လာပိနေတော့ ယာဉ်မောင်းဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာကြီးကြီးမားမားတော့မဟုတ်ပါဘူး။ မှန်ကွဲစစင်တဲ့ ဒဏ်ရာပဲရတာပါ"ဟု ရောင်စဉ်မဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

 

ယင်းဖြစ်စဉ်နေရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းလည်း မီးသတ်ဦးစီးဌာနကသိရသည်။

 

#ymg/pl #Local_News #ကြည့်မြင်တိုင် #အငှားယာဉ်ပေါ်သစ်ပင်ပိမှုဖြစ်
#YMG #Yangon-Media-Group