#LocalPolitics

Published 25 October 2021

ကုလသမဂ္ဂတတိယကော်မတီတွင် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့ရဲ့ အစီရင်ခံစာတွေနှင့် ဆွေးနွေးချက်တွေကို လက်မခံပယ်ချကြောင်း နစက နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၄ရက်မှာ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

အောက်တိုဘာလ၂၁ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၂၂ရက်နေ့မှာလည်း အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေးအထူးအစီရင်ခံစာ တင်သွင်းသူတို့က အစီရင်ခံစာတွေအပေါ် ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်ကြီးတစ်ခုကို ဦးတည်နေတယ်၊ ဒီမိုကရေစီလမ်းကြောင်း ပြန်ရောက်ဖို့လည်း ပျောက်ကွယ်လာနေတယ်။ ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေက အထောက်အပံ့ဖြစ်စေလိမ့်မယ်စသဖြင့် ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

 

အဲဒီလိုပြောဆိုမှုတွေအပြီးမှာ နစက နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုလိုပြန်လည်တုန့်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ (ကြေညာချက်အပြည့်အစုံကို ပူးတွဲဖော်ပြထားပါတယ်)။