#Local_News
Published_ 30 April 2023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် ကုန်းသာနှင့် စံလောင်းကျေးရွာကြားမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့၍ဆိုင်ကယ်သမား ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သီပေါမြို့ နယ်စည်းမခြားပရဟိတအသင်းမှသိရသည်။

ဧပြီလ ၂၉ ရက် နံနက် ၁၁ နာရီခန့်က  ကားကြီးနှင့် ဆိုင်ကယ် တိုက်မိကြပြီး ဆိုင်ကယ်သမား အမျိုးသားသေဆုံးကာ ကားသမားဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

သွားရောက် ကူညီပေးခဲ့တဲ့ သီပေါမြို့မှ နယ်စည်းမခြား ပရဟိတအသင်းက"ဘယ်လို တိုက်ကြတာလဲတော့ မသိရဘူး၊ သေဆုံးသူက အသက်၄၀ ဝန်းကျင်လောက်ရှိပါတယ်။ ဆေးရုံပို့ပေးခဲ့တယ်"ဟုပြောကြားသည်။

သီပေါမြို့နယ်တွင် ဧပြီလ အတွင်းယာဉ်တိုက် မှု ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်းလည်းသိရသည်။

#ymg/pl
#YMG #Yangon_Media_Group