#LocalNews
Published_ 30 April 2023

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူအနည်းငယ်များလာပြီး (၅)ရက်အတွင်း ရန်ကုန်တိုင်းတွင်ကိုဗစ်ပိုးတွေ့ရှိသူ(၁၈၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရင်းများအရသိရသည်၊၊

ဧပြီလ(၂၄)ရက်မှ(၂၈)ရက်အထိကျန်းမာရေးဝန်ကြီး ဌာနထုတ်ပြန်ချက်များအရသိရခြင်းဖြစ်ပြီးရန်ကုန် တိုင်းဒေသကြီး၌ ဧပြီ(၂၄)ရက်တွင်(၇)ဦး၊ဧပြီ(၂၅) ရက်တွင်(၃၄)ဦး၊ဧပြီ(၂၆)ရက်တွင်(၅၄)ဦး၊
ဧပြီ(၂၇)ရက်တွင်(၄၅)ဦး၊ဧပြီ(၂၈)ရက်တွင်(၄၄)ဦး ရှိသည်ဟုဆိုသည်၊၊

ယခုရက်ပိုင်းအတွင်းကိုဗစ်ပိုးတွေ့ရှိမှုအများဆုံးဒေသသည်ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ပြည်ပပြန်များတွင် ကိုဗစ်ပိုးတွေ့ရခြင်းထက် ကိုဗစ်ပိုးပိုမိုတွေ့ရှိနေရခြင်းဖြစ်သည်၊၊

ဧပြီလ(၂၉)ရက်ထုတ်ပြန်ချက်စာရင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာကိုဗစ်ပိုးတွေ့သူ(၁၃၀)ဦးရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်းသိရသည်၊၊

ဧပြီလအတွင်းတွင်ကိုဗစ်ပိုးတွေ့ရှိသူအနည်းငယ်ပြန်မြင့်လာသည့်အတွက် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေသလို  ပြည်သူလူထုအနေဖြင့်လည်း ကိုဗစ်စည်းမျဥ်းစည်းကမ်းများကိုပြန်လည်လိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်၊၊
#ymg/tthl
#Yangon_Media_Group