#Local_News
Published_30 April 2023

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ ခန်ကုန်းကျေးရွာမှ မီးဘေးသင့် အိမ်ထောင်စုများအတွက် ယာယီနေအိမ်(၃၁)လုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနက အခမဲ့ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

င်းနေအိမ်များကို ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊အိမ်အရွယ်အစားမှာ(၁၄)ပေပတ်လည်ဖြစ်ကာ ထရံကာ၊ သက္ကယ်မိုး၊ ဝါးကြမ်းခင်း၊ သုံးပင် ပတ်လည် မြေစိုက်ယာယီနေအိမ် အမျိုးအစားဖြစ်ကြောင်း၊
ယခုအခါ နေအိမ် ၂၉ လုံး ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ခန်ကုန်းကျေးရွာ၌ ဧပြီလ ၂ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု (၃၄)စုမှ အိမ်ခြေ (၃၂)လုံး၊ လူဦးရေ (၁၄၈)ဦး မီးဘေးသင့်ခဲ့ရကြောင်း သိရသည်။

#ymg/pl
#YMG #Yangon_Media_Group