#Local_News
Published_ 29 April 2023


ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်တွင် မေလ(၃)ရက်ကဆုန်လပြည့်( ဗုဒ္ဓနေ့)၌ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

(၅၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသွားမည် ဖြစ်သည်၊၊

 

ဘုရားဖူးလာပြည်သူများအနေဖြင့် ဗိုလ်တထောင်စေတီတော်ရှိ"မဟာဗောဓိ" ညောင်ပင်တွင် အမွှေးနံ့သာရေများဖြင့် ညောင်ရေသွန်းလောင်းပူဇော်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများမှ ကုသိုလ်ယူဆောင်ရွက်ပေးခြင်း၊ အလှူရှင်များမှ စတုဒီသာများ ကျွေးမွေးလှူဒါန်းမည်ဖြစ်ပါသဖြင့် ရဟန်းရှင်လူပြည်သူအများ ပါဝင်ကုသိုလ်ပြုနိုင်ပါကြောင်း နှိုးဆော်ထားကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #ဗိုလ်တထောင်စေတီတော် #ကဆုန်ညောင်ရေသွန်းလောင်း
#YMG #Yangon_Media_Group