#Local_News
Published-29 April 2023


ရွှေဘို-မန္တလေးလမ်း လှတောကျေးရွာ မန္တ‌‌လေးအထွက်ကွေ့တွင်‌ စပါးခွံသယ်ဆောင်လာသည့်ကုန်တင်ယာဉ်နှင့် ပခုက္ကူချောင်းပြားရွာမှ ခရီးသည်တင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိ၍ လူ ၂ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ရွှေဘို)မှ သိရသည်။

 

ဧပြီလ ၂၈ ရက်ညနေ ၆နာရီဝန်းကျင်ခန့်က ရွှေဘို-မန္တလေးလမ်း လှတောကျေးရွာမန္တ‌‌လေးအထွက်ကွေ့တွင်‌ စပါးခွံသယ်ဆောင်လာသည့် ကုန်တင်ယာဉ်နှင့် ပခုက္ကူချောင်းပြားရွာမှခရီးသည်တင်ယာဉ်တို မျက်နှာချင်းဆိုင်တိုက်မိ၍ ခရီးသည်တင်ယာဉ်တွင်လိုက်ပါလာသူ ၉ ဦးအနက် ၂ ဦး သေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယာဉ်မတော်တဆမှုဖြစ်စဉ်တွင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်ပြီး ကျန်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ လိုအပ်သည့် ရှေးဦးသူနာပြုကုသပေး၍ တောင်ကြားကျေးရွာနေအိမ်သို့ ဆက်သွယ်ခေါ်ယူပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါခရီးသည်တင်ယာဉ်မှာ ဖားကန့်ခရီးစဉ်ပြေးဆွဲသည့်ကားဖြစ်ကြောင်းသိရသည်။

 

ယာဉ်မတော်တဆဖြစ်ရာနေရာသို့ လှတောရဲစခန်းတပ်ဖွဲ့ဝင်များနှင့် လှတောစေတနာပရဟိတအသင်းမှ အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွားရောက်ကူညီပေးခဲ့ပြီး ခရီးသွား ၁ ဦးရဲ့ ဖုန်းဆက်အကူအညီတောင်းခံချက်အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ရွှေဘိုခရိုင်-Rescue)မှနာယကဆရာတော်ဘုရားမှ ဦးစီး၍ အရေးပေါ်လူနာတင်ယာဉ်(၂)စီးဖြင့် အခင်းဖြစ်ပွားရာသို့ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #ရွှေဘို-မန္တလေး #ကုန်တင်ယာဉ် #ခရီးသည်တင်ယာဉ်
#YMG #Yangon-Media-Group