#Local_News
Published_ 29 April 2023


သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)သည် ဧပြီလ(၂၉) ရက်မနက်(၆)နာရီ(၃၀)မိနစ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်၊၊

 

ကွယ်လွန်ချိန်တွင် အသက်(၇၄)နှစ်ရှိပြီဖြစ်ပြီး ပုလဲမြို့ဆည်းဆာရိပ်ဘိုးဘွားရိပ်သာ၌ ကွယ်လွန်ခဲ့ပြီးဧပြီလ ၂၉ ရက် ညနေတွင်နေ့ချင်းသဂြိုဟ်သွားမည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဒုဥက္ကဌ ဦးအေးကြူလေးက YMG ကို ပြောသည်၊၊

 

သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ)သည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ပြီး အနုပညာရှင်များဆုံးရှုံးရ၍ ဝမ်းနည်းကြေကွဲရသည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကဦးနှင်းမိုးက ပြောသည်၊၊

 

#ymg/tthl #Local_News #သရုပ်ဆောင်ဦးဝင်းနိုင်(အနုပညာ) #နေ့ချင်းသဂြိုဟ်
#YMG #Yangon_Media_Group