#Local_News
Published- 29 April2023


မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွေ့ဝမ်းကျေးရွာ၊ ကော့ခိုက် မွန်စုအနောက်ပိုင်းတွင်ယနေ့နံနက်ကအသက် ၁၁နှစ်အရွယ် ကလေး ၁ဦးကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မုဒုံအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းက သိရသည်။

 

ဧပြီလ ၂၉ ရက် နံနက်၈ နာရီ ၅မိနစ်ခန့်တွင် စက်ဘီးစီးလာသော ကလေးငယ်ကို ဆောင်းဘောက်စ်များ တင်ဆောင်လာသော ကားမှ ကျော်တက်ခဲ့ရာတွင် ဆောင်းဘောက်စ်များနှင့် မလွတ်ဘဲတိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"စက်ဘီးစီးလာတဲ့ကလေးကို ကားက ကျော်တတ်တာမှာဘောက်စ်တွေနဲ့ မလွတ်ဘဲ ကလေးကို တိုက်မိသွားတာပါ"ယင်းအသင်း တာဝန်ရှိသူက ပြောသည်။

 

ယင်းကြောင့် မုဒုံအရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ကို အကြောင်းကြားခဲ့သည့််အတွက်သွားရောက်ခဲ့ရာတွင် ကလေးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာများရရှိ၍ မုဒုံပြည်သူ့ဆေးရုံကြီးသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ သို့သော်လည်း ဆေးရုံအရောက်တွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

 

သေဆုံးသွားသည့် ကလေးငယ်မှာ မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာ အနောက်ပိုင်း‌တွင် နေထိုင်သူ ဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် မောင်ဝေယံမျိုး ဖြစ်ကြောင်း သိရသည်။

 

#ymg/pl #Local_News #မုဒုံ #ကားတိုက်ခံရ၍သေဆုံး
#YMG #Yangon-Media-Group