#Local_News
Published_ 28 April 2023


လာမည့်မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ‌ အယ်လ်နီညိုကြောင့် ရာသီဥတုပူပြင်းခြောက်သွေ့ပြီး မူမမှန်သည့်ရာသီဥတုဖြစ်စဉ်များဖြစ်ပေါ်မည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ(၂၈)ရက်တွင် ထုတ်ပြန်သည်၊၊

 

ထုတ်ပြန်ချက်တွင် အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာပုံမှန်အခြေအနေတွင် ရှိနေကြောင်း၊နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရမေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်းအားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည် ဟုဆိုသည်၊၊

 

အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှုပုံစံမူမမှန်ခြင်း၊ အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိသည်ဟု ဖော်ပြထားသည်၊၊

 

အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပြီး အယ်နီညိုသည် အလွန်အမင်းပူပြင်းခြင်း၊ မိုးသည်းထန်ခြင်း၊မိုးခေါင်ခြင်း၊ မုန်တိုင်းနှင့်လေဆင်နှာမောင်းစသည့် သဘာဝဘေးများကိုဖြစ်ပေါ်နိုင်သည့်ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်၍ သတိပြုနေထိုင်ကြရန်လိုအပ်ကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #မေလ #ဇွန်လ #ဇူလိုင်လ #အယ်လ်နီညို
#YMG #Yangon_Media_Group