#Local_News
Published-28 April 2023


မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဆင်ဖြူကျွန်းကျေးရွာတွင် အသက် ၃၇နှစ်အရွယ် အမျိုးသား ၁ ဦး ဧပြီလ ၂၇ရ က်က လယ်ကွင်းထဲ၌ရှိနေစဉ် မိုးကြိုးပစ်ခံရပြီး သေဆုံးမှုဖြစ်ခဲ့ကြောင်း အဖြူရောင်နှလုံးသားပရဟိတအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအသင်းက သိရသည်။

 

ဖြစ်စဉ်မှာ ဧပြီလ ၂၇ရက် မွန်းလွဲ ၂နာရီဝန်းကျင်ခန့်က မိုးများရွာသွန်းပြီး မိုးကြိုးများပစ်စဉ် သထုံဘူတာအနောက်ဘက် လယ်ကွင်းထဲ၌ရှိနေသည့် ဆင်ဖြူကျွန်းကျေးရွာနေ အသက် ၃၇နှစ်အရွယ်အမျိုးသား၁ဦး မိုးကြိုး ပစ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

 

"ဧပြီလ ၂၇ ရက် မှာ မိုးတွေလည်းရွာ၊ မိုးကြိုးတွေလည်းပစ်တဲ့အချိန်မှာ သထုံဘူတာအနောက်ဘက်က လယ်ကွင်းထဲမှာရှိနေတဲ့ အမျိုးသား မိုးကြိုးပစ်ခံရတာပါ"ဟု ယင်းပရဟိတအသင်းက သိရသည်။

 

မိုးကြိုးပစ်ခံရ၍ သေဆုံးသွားသူအမျိုးသား၏ ရုပ်အလောင်းကို အဖြူရောင်နှလုံးသားပရဟိတအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ သထုံခရိုင်ပြည်သူ့ဆေးကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

 

#ymg/pl #Local_News #ဆင်ဖြူကျွန်းကျေးရွာ #မိုးကြိုးပစ်ခံရ
#YMG #Yangon-Media-Group