#Local_News
Published_ 28 April 2023


ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြိုနယ် ကျီတော်ရပ်ကွက် မဟာဘောဂလမ်းတွင် မိသားစုဝင် ၄ ဦး နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် အပူချိန်များပြီး ချွေးထွက်လွန် မူးမေ့မှု ဖြစ်ပွားခဲ့တယ်လို့ လောကဟိတာဝဟလူမှုကူညီရေးအဖွဲ့ (ကျီတော်)မှ သိရသည်။

 

ဧပြီလ ၂၈ ရက်နေ့ နံနက် ၁ နာရီခွဲ အချိန်ခန့်က နေအိမ်တိုက်ခန်းအတွင်း မီးပြတ်နေချိန် ရာသီဥတုအပူဒဏ်ကြောင့် အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် ၄၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့သည် ချွေးထွက်လွန်ကာ သတိလစ်သည့် ဝေဒနာများခံစားနေရကြောင်း အကူညီ တောင်းခံလာကြောင်း သိရသည်။

 

ကျီတော် လူမှုကူညီရေးအဖွဲ့မှ လူနာတင်ယာဉ်နှစ်စီးအင်အားငါးယောက်တို့ဖြင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်သို့ မပိုဆောင်မှီ လူနာများ သတိရစေရန်မြေပြင်ရှေးဦးသူနာပြု လုပ်ငန်းစဉ်များလုပ်ဆောင်ခြင်း၊ ရေပတ်ဝတ်တိုက်ခြင်းများဆောင်ရွက်ပြီးနောက် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်မှ ခလေးငယ်အား ခလေးဆေးရုံလွှဲပြောင်းပါ၍ ပို့ဆောင်ကူညီပြီး အခြေအနေကောင်းလာလို့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ ကျန်သူတွေကို စောင့်ကြည့်ကုသနေပါသည်။

 

ပြည်သူများ နေအိမ်တိုက်ခန်းနေထိုင်ပါက လေဝင်လေထွက် ကောင်းကောင်းရသော နေရာများ နေကြပါရန် လောကဟိတာဝဟလူမှုကူညီရေးအဖွဲ့(ကျီတော်) အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

 

#ymg/ppk
#Yangon-Media-Group