#Local_News
Published-28 April 2023

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ ပဒေသာမြို့သစ်၊ စံပါယ်လမ်းအတက်၊ မြို့ရှောင်လမ်း အရှေ့ဘက် ခြံဝန်းလွတ် စည်းရိုးစပ်တစ်နေရာတွင် သေဆုံးနေချိန်ကြာနေပြီဖြစ်သည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ရကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက သိရသည်။

 

ပြီးခဲ့သည့် ဧပြီလ(၂၇)ရက် ညနေ ၃ နာရီခွဲအချိန်ခန့်က အဆိုပါ သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၊ သေဆုံးသူမှာ ပဒေသာမြို့သစ်၊ ရပ်ကွက်ကြီး(၈)၌ နေထိုင်သော အသက် ၄၈ အရွယ်ရှိ အမျိုးသားတစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

 

ယင်းကြောင့် အဆိုပါ သေဆုံးချိန်မှာ ကြာမြင့်နေပြီဖြစ်သော သေဆုံးသူ ရုပ်အလောင်းကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#ymg/pl #Local_News #ပြင်ဦးလွင် # မြို့ရှောင်လမ်း
#YMG #Yangon_Media_Group