#Local_News
Published_ 24 April 2023

ယနေ့ နံနက်အစောပိုင်းက ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ နေအိမ်တိုက်ခန်း ၇လွှာကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့တယ်လို့ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့ထံက သိရသည်။

 

ယနေ့ ဧပြီလ ၂၄ရက်နေ့ နံနက် တစ်နာရီခွဲခန့်က တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းမှာ အသက်၂၁ ဝန်းကျင်အမျိုးသားတစ်ဦး နေအိမ်တိုက်ခန်း ၇လွှာကနေ မတော်တဆ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။

 

"သူက ပူလို့ဆိုပြီး ဝရန်တာကနေ သံပန်းတခါးတံခါးဖွင့်ရာကနေ မတော်တဆပြုတ်ကျတာပါ။မိသားစုနဲ့အိမ်မှာ အတူနေရင်းဖြစ်သွားတာပါ၊ ရုပ်အလောင်းကို သက်ဆိုင်ရာက စစ်ဆေးပြီး သင်္ဃန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်ထားတယ်"လို့ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။

 

အဆိုပါ နေအိမ်တိုက်ခန်း ၇လွှာကနေ ပြုတ်ကျသေဆုံးတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းအား နေအိမ်ဖြစ်စဉ်နေရာမှ သက်ဆိုင်ရာတာဝန်ရှိသူများက စစ်ဆေးမှုများပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

၇လွှာတိုက်ခန်းကနေ ပြုတ်ကျသေဆုံးခဲ့တဲ့ အမျိုးသားရုပ်အလောင်းကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်ကူညီခဲ့တယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

#ymg/ppk #Local_News #အမျိုးသားတစ်ဦး #ပြုတ်ကျသေဆုံး
#YMG #Yangon-Media-Group