#Local_News
Published_ 24 April 2023

 

ဗိုလ်တထောင်ဆံတော်ဦးစေတီတော်ကြီးတွင် ရင်ငွေ့လှုံပူဇော်ထားသည့် ဗုဒ္ဓဆံတော်ပွားအား ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ ဂျပန်ဘုန်းတော်ကြီးကျောင်း၌ ကိုးကွယ်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်၊၊

 

၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း ( ၅ ) ရက် ၊၂၀၂၃ ခုနှစ် ၊ ဧပြီလ ( ၂၃ ) ရက် ၊တနင်္ဂနွေနေ့ တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီး တန်ဆောင်း၌ ဗိုလ်တထောင်ဘုရားတွင် ရင်ငွေ့တော်လှုံပူဇော်ထားရှိသော ဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်ပွားတစ်ဆူအား ဂျပန်နိုင်ငံ တိုကျိုမြို့ HOKOTA JOSHINEN ဘုန်းတော်ကြီးကျောင်းတွင် ကိုးကွယ်ပူဇော်နိုင်ရန် လွဲပြောင်းလှူဒါန်းခြင်းအခမ်းအနားပြုလုပ်ခဲ့သည်ဟု ဆိုသည်၊၊

 

အခမ်းအနားတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် အလှည့်ကျသဘာပတိ ဦးအောင်မြတ်၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးစိန်သန်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း( ဗဟို) ဥက္ကဌ ဦးရဲထွန်းတို့မှ ဆံတော်မြတ်ရတနာပွားတစ်ဆူအား ဆရာတော်ဘုရားကြီးထံလှူဒါန်းခဲ့ကြောင်းသိရသည်၊၊

 

#ymg/tthl #Local_News #ဗိုလ်တထောင် #ရင်ငွေ့လှုံ #ဗုဒ္ဓဆံတော် #ဂျပန်နိုင်ငံ
#YMG #Yangon_Media_Group