#Local_News
Published_ 24 April 2023

 

အွန်လိုင်းကနေ ပတ်စ်ပို့နိုင်ငံကူးလက်မှတ်လျှောက်ထားပြီး ရက်ချိန်းရရှိထားသူ(၃)သိန်း(၁)သောင်းရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ သိရသည်၊၊

 

လျှောက်ထားသည့် IDအလိုက် ရုံးသို့လာရောက်ရမည့်စာရင်းထုတ်ပြန်ချက်အရသိရခြင်းဖြစ်ပြီး ဧပြီလ(၂၄)ရက်မှ စက်တင်ဘာလ(၅)ရက်အတွင်း IDအမှတ်များအဖြစ် YMG 2023 080001မှ YMG 2023 310000အထိရုံးကို လာရောက်ရမည်ဖြစ်သည်ဟု ဆိုသည်၊၊

 

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ဖေဖော်ဝါရီ (၂၄)ရက်တွင် Online Appointment Systemဖြင့် ရက်ချိန်းရယူခြင်းအား စတင်စမ်းသပ်အသုံးပြုခဲ့ပြီး ယနေ့ချိန်အထိ အွန်လိုင်းရက်ချိန်းရရှိထားသူ(၃)သိန်း(၁) သောင်းရှိပြီဖြစ်ကြောင်း သိရသည်၊၊

 

အွန်လိုင်းမှ နိုင်ငံကူးလက်မှတ်ပတ်စ်ပို့လျှောက်ထားရာတွင် မသမာသောနည်းလမ်းဖြင့် စနစ်အတွင်းဝင်ရောက်ရန် ကြိုးစားခြင်း၊ အချက်အလက်ပြင်ဆင်ခြင်း၊ ငွေကြေးလိမ်လည်မှုပြုခြင်းများ လုပ်ဆောင်သည်ကို စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ချက်အရသိရသည်၊၊

 

#ymg/tthl #Local_News #အွန်လိုင်း #ပတ်စ်ပို့
#YMG #Yangon_Media_Group