#Local_News
Published_ 24 April 2023

ဧရာဝတီမြစ်တွင်း ယမန်နေ့ ဧပြီလ ၂၃ ရက်နှင့် ယနေ့ဧပြီလ ၂၄ ရက်တို့တွင် နှစ်ရက်ဆက်တိုက် ကိုရင်ငယ်များ ရေနစ်ပျံလွန်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယမန်နေ့ ဧပြီလ ၂၃ ရက်က စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ဘုရားအနီး ဓမ္မသုခကျောင်းတိုက်မှ ကိုရင်တစ်ပါး ရေနစ်ပျံလွန်ခဲ့ခြင်းဖြစ်သောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး စစ်ကိုင်း (S.E.R.T)၊ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့ တို့မှ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

အလားတူ ယနေ့ ဧပြီလ ၂၄ ရက် နံနက်ကလည်း စစ်ကိုင်းမြို့ ရှင်ဖြူရှင်လှ ဘုရားအနီး ကိုရင်တစ်ပါးရေနစ်နေကြောင်းသတင်းရှိသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး စစ်ကိုင်း (S.E.R.T)၊သုခကာရီအသင်း၊ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့တို့မှ ပူပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

 

အဆိုပါ ရေနစ်ပျံလွန်သည့် ကိုရင်ငယ်များ၏ အလောင်းကို စစ်ကိုင်း ကုတင် (၂၀၀)ဆံ့ဆေးရုံကြီး opd သို့ ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့က သိရသည်။

 

#ymg/pl #Local_News #ဧရာဝတီမြစ် #နှစ်ရက်ဆက်တိုက် #ရေနစ်ပျံလွန်မှုဖြစ်
#YMG #Yangon_Media_Group