#Local_News
Published_ 24 April 2023

 

ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းမှာ ဘုရားဖူးခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သိရသည်။

 

ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်က ကျောက်ပန်းတောင်းမြို့နယ်၊ လက်ပံပျားကျေးရွာအနီးမှာ ဘုရားဖူးခရီးသည်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

 

ဘုရားဖူးခရီးသည်ယာဉ် မီးလောင်မှုဖြစ်စဉ်ကြောင့် မြို့နယ်မီးသတ်စခန်းမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၁နာရီ ၅၃မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

 

ဘုရားဖူးခရီးသည်တင်ယာဉ် မီးလောင်မှုဖြစ်စဉ်အတွင်း ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူးလို့လည်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

#ymg/ppk #Local_News #ကျောက်ပန်းတောင်း #ခရီးသည်တင်ယာဉ် မီးလောင်
#YMG #Yangon-Media-Group