#Local_News
Published_ 22 April 2023

 

ရှမ်းပြည်နယ် လားရှိုး-သိန်းနီလမ်းမှာ ၁၂ ဘီးကား တိမ်းမှောက်လို့ အမျိုးသမီး ၁ ဦး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ လားရှိုးလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

 

လားရှိုးမြို့နယ်၊ (၉)မိုင်ကုန်း၊ လားရှိုး-သိန်းနီလမ်း၊ မိုင်တိုင်အမှတ် (၁၈၃/၂) နှင့် (၁၈၃/၃)ကြားတွင် ၁၂ ဘီးကားသည် ဧပြီလ ၂၁ ရက်နေ့ည ၉ နာရီခန်က တိမ်းမှောက်မှု ဖြစ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရ (မစိုးရိမ်ရ) နဲ့ အမျိုးသမီး ၁ ဦး ကားခေါင်းအတွင်းညပ်ပြီး သေဆုံးမှု ဖြစ်ခဲ့သည်။

 

ယင်းဖြစ်စဉ်ကို လားရှိုးမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တွေနဲ့ လားရှိုးလူငယ် လူမှုကူညီရေးအသင်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရသည် ။

 

#ymg/ppk #Local_News #လားရှိုး #သိန်းနီ
#YMG #Yangon-Media-Group