#Local_News
Published_ 22 April 2023

ပြည်တောင်စုရွေးကောက် ပွဲကော်မရှင် ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ လုပ်ကြံခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

 

ယနေ့ ဧပြီလ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်အချိန်က သူ၏ဇနီးဖြစ်သူဆရာဝန်အား ဆေးခန်းလိုက်ပို့ကာ ကားမောင်းပြီးပြန်အလာ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းပေါ် ၁၆ ကွေ့ လမ်းဆုံအနီးတွင် PDF က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခြင်းဖြစ်ကြောင်း သိရသည်။


ဦးစိုင်းကျော်သူ အား သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရာ လည်ပင်း၊ လက်ယာနားနောက်၊ ချိုင်းအောက်၊ လက်များတွင်ကျည်ထိဒဏ်ရာငါးချက်ရသွားသည့်အတွက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးသွားကြောင်း၊ပစ်ခတ်မှုဖြစ်သည့်နေရာမှကျည်ခွံ ၁၂ ခုတွေ့ရှိထားကြောင်းလည်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။

 

#ymg/pl #Local_News #ပြည်ထောင်စု # ဒုညွှန်ချုပ်လုပ်ကြံခံရ
#YMG #Yangon_Media_Group