#Local_News
Published_ 22 April 2023

ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေးတွန်းအားပေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်ကတိုက်တွန်း ပြောဆိုလိုက်သည်။

 

ကျိုင်းတုံမြို့အနီးတွင် ဆောင်ရွက်မည့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းတည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ယာယီရှင်းလင်းဆောင်၌ ပြောကြားခဲ့တာဖြစ်သည်။

 

ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်ဒေသတွင် တည်ဆောက်လျက်ရှိသည့် ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မိုင်းခုတ်ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်နေပြီး အမြန်ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းခဲ့သည်။

 

လက်ရှိမှာပြည်တွင်းမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မြင့်မားနေပြီး ရရှိသမျှနည်းပညာများနှင့်စွမ်းအင်များကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောဆိုထားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် ထိုသို့ဆောင်ရွက်ရာတွင်လည်း ခေတ်မီအဆင့်မြင့် နည်းပညာများအသုံးပြု၍ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

 

#ymg/yn #Local_News #ဓာတ်အားပေးစက်ရုံ #ပြည်ထောင်စုဝန်ကြီး
#YMG #Yangon-Media-Group