#Local_News
Published_ 22 April 2023

ပြည်ပနိုင်ငံများမှ ဆိုလာနှင့်ဆက်စပ်ပစ္စည်း (၆)မျိုးတင်သွင်းမှုအတွက် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

ယင်းမှာ ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ၊ အမျိုးအစား ၆ ခု မှာ နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ | [PV Module / Solar Module / PV Panel / Solar Panel / Solar Panel 92 WattCIGS (Copper Indium Gallium Selenide)၊နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ် ကိရိယာ (PV / Solar (Hybrid/Smart Array) Controller, Charge Controller for PV / Solar) ၊နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း /ပေါင်းစပ်/ဘတ္ထရီ/ နှစ်မျိုးသုံး/ပင်မ ) (PV / Solar Inverter (String / Hybrid / Battery / Bidirectional / Central)) ၊အိမ်သုံးတပ်ဆင်မှုပုံစံများ (ခေါင်မိုး နှင့် မြေပြင်တွင် တပ်ဆင်ခြင်း) (PV / Solar Mounted Structure, PV / Solar Mounted Frames, PV / Solar Mounted Kits (Roof and Ground Mounted)) ၊ နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း) (PV / Solar Mounted System (Floating)) နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘတ္ထရီပုံး ၊ (PV / Solar Controller and Battery Box)( PV ) Solar Controller နှင့် Battery တွဲလျက် တင်သွင်းခြင်း အတွက်သာ) တို့ ဖြစ်ကြောင်း သိရသည်။

 

ဧပြီလ ၂၁ ရက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း (YESC) အနေဖြင့်တစ်ပိုင်တစ်နိုင်တပ်ဆင်ထားသည့်ဆိုလာစနစ်များမှ ပိုလျှံသောလျှပ်စစ်ဓာတ်အားကို ၁၀၀ ကီလိုဝပ်မှ တစ်မဂ္ဂါဝပ်အထိကို ၈၅ ကျပ်/kWh ဖြင့်လည်းကောင်း၊ တစ်မဂ္ဂါဝပ်အထက်မှ ၁၀ မဂ္ဂါဝပ်အထိ ၈၀ ကျပ်/kWh ဖြင့်လည်းကောင်း ပြန်ဝယ်ယူမည်ဟု ထုတ်ပြန်ခဲ့သေးသည်။

 

#ymg/pl #Local_News #ဆိုလာ #အခွန်ကင်းလွတ်ခွင့်
#YMG #Yangon_Media_Group