#Local_News
Published_ 22 April 2023

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီလ၂၁ ရက် ညနေ ၆ နာရီကျော် အချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့သောကြောင့် လူ ၆ ဦးသေဆုံးကာ တစ်ရာကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

 

လေဆင်နှာမောင်းကြောင့် တံတားဦးကျေးရွာတစ်ဝက်ခန့် လူနေအိမ်အဆောက်ဦးများ ပြိုကျပျက်စီးခဲ့ကာ အောင်မြင်ကုန်းကျေးရွာတွင် လူနေအိမ်အဆောက်အဦများ ရွာလုံးကျွတ် ပြိုကျပျက်စီးသွားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းအရ သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင်အိမ်ခြေ(၇၇)လုံးခန့်၊ အောင်မြင်ကုန်းကျေးရွာတွင်၊အိမ်ခြေ(၁၅၅)လုံးခန့်ပျက်စီးသွားကာ တံတားဦးကျေးရွာတွင် ထိခိုက်ဒဏ်ရာရရှိသူ(၄၈)ဦး အနက် စိုးရိမ်ဒဏ်ရာရသူ (၁၆)ဦး နှင့် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း ၊ အောင်မြင်ကုန်းကျေးရွာတွင် ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦး၊ သေဆုံးသူ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး ရှိခဲ့ကြောင်း သိရသည်။

 

ယခုအခါ ထိခိုက်ဒဏ်ရာရရှိသူများအား လယ်ဝေးမြို့နယ်ကုတင် (၁၀၀)ဆံ့ဆေးရုံနှင့် ဇမ္ဗူသီရိမြို့နယ်၊ ကုတင်(၁၀၀၀)ဆံ့ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

#ymg/PL #Local_News #လယ်ဝေး #လေဆင်နှာမောင်း #YMG
#Yangon_Media_Group