#Local_News
Published_ 22 April 2023

 

နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထားတိုးမြှင့်ရန်မရှိသေးကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က နိုင်ငံပိုင်မီဒီယာက တစ်ဆင့် ပြောကြားလိုက်သည်။

 

"လက်ရှိ ပြင်ပမှာသတင်းထွက်ပေါ်နေတဲ့ လစာနှုန်းထားတိုးမြှင့်မယ်ဆိုပြီးတော့ ထွက်ပေါ်နေတဲ့ သတင်းကတော့ ကောလာဟလပဲ ဖြစ်ပါတယ်။ လစာနှုန်းထားတွေကတော့ လက်ရှိ လစာနှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတော်ရဲ့ ဘဏ္ဍာရေးအခြေအနေ အရတော့ လစာနှုန်းထားကို တိုးမြှင့်ဖို့မရှိသေးကြောင်း တင်ပြအပ်ပါတယ်"ဟု ယင်းကဆိုသည်။

 

နိုင်ငံ့ဝန်ထမ်းများအား လစာ သို့မဟုတ် ရှားပါးစရိတ် ကျပ် ၄၀၀၀၀ တိုးမြှင့်ပေးမည်ဟု ပြင်ပတွင် ထွက်ပေါ်နေသော သတင်းများ အပေါ် ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

 

#ymg/pl #Local_News #ဘဏ္ဍာရေး #လစာနှုန်း #YMG
#Yangon_Media_Group