#Local_News
Published_ 22 April 2023

လေပြင်းတိုက်ခတ်မှုကြောင့် အမြန်လမ်းရှိ 230kV မဟာဓာတ်အားလိုင်းတိုင်(၃)ခုကျိုးကျပျက်စီးသွားကြောင်း ပေါက်မြို့နယ်၊ဓာတ်အားခွဲရုံ Pauk Ese ၏ထုတ်ပြန်ချက်အရသိရသည်၊၊

 

ဧပြီလ(၂၀) ရက်ည ၈ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ လေပြင်း တိုက်ခိုက်မှုကြောင့် အမြန်လမ်း မိုင်တိုင် (၃၅၂) အနီး ဘဲလင်း-အုန်းတော 230kV မဟာဓာတ်အားလိုင်း တိုင်နံပါတ်၆၇/၆၈/၇၉ စုစုပေါင်းတိုင် ၃ တိုင် ကျိုးခဲ့သည်ဟု ဆိုသည်၊၊

 

မူလလိုင်းဟောင်းမှ ဓာတ်အားပြန်လည်ပေးနေရသောကြောင့် ယခင်ကထက် လျှပ်စစ်ဓာတ်အားပိုမိုလျှော့နည်း၍သာ ရရှိမည်ဖြစ်ကြောင်း၊ သို့ပါ၍ ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မပြီးမချင်း ၇ ရက်ခန့် ယခင်ကထက် ဓာတ်အားရရှိမှုလျော့နည်းပြီး လျှပ်စစ်မီးရချိန် နည်းနိုင်ပါကြောင်း အသိပေးနှိုးဆော်ထားသည်၊၊

 

#ymg/tthl #Local_News #လေပြင်း #ကျိုးကျပျက်စီး
#YMG #Yangon_Media_Group