#Local_News
Published_ 21 April 2023

 

ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိစက်ရုံ၊ အလုပ်ရုံများစသည့် အဆောက်အဦးခေါင်မိုးပေါ်တွင် လည်းကောင်း၊ မိဘပြည်သူများ လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာလည်းကောင်းတွင် တစ်ပိုင်တစ်နိုင်တပ်ဆင်ထားသည့် ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်မှ မိမိတို့လုပ်ငန်းအတွက်အသုံးပြုပြီး ပိုလျှံသောလျှပ်စစ်ဓာတ်အားကို ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်စနစ်(Yangon Distribution Grid System)သို့ရောင်းချလိုပါက ဝယ်ယူသွားမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း YESC က အသိပေးကြေညာချက်ထုတ်ပြန်လိုက်သည်၊၊

 

လျှပ်စစ်ဓာတ်အားဝယ်ယူမည့် နှုန်းထားများကို ဖော်ပြထားပြီး ၁၀၀ကီလိုဝပ်မှ ၁ မဂ္ဂါဝပ်အထိ ၁ ကီလိုဝပ်ကို ၈၅ကျပ်/kWh၊ ၁မဂ္ဂါဝပ်မှ ၁၀မဂ္ဂါဝပ်အထိ ၁ ကီလိုဝပ်ကို ၈၀ ကျပ်/ kWh ဖြင့်ဝယ်ယူမည်ဟု ဖော်ပြထားသည်၊၊

 

ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်အတွက် နည်းပညာဆိုင်ရာသတ်မှတ်ချက်များ၊ လျှောက်ထားရမည့်လုပ်ငန်းစဉ်များ၊ ပုံစံများနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

#ymg/tthl #Local_News #ဆိုလာစနစ် #လျှပ်စစ်ဓာတ်အား #YESC
#YMG #Yangon_Media_Group