#Local_News
Published_ 21 April 2023

 

ဒီကနေ့ (ဧပြီ ၂၁ရက်) မွန်းလွဲပိုင်းအချိန် ဒီးမော့ဆိုမြို့နယ်တစ်နေရာမှာ မိုးရွာသွန်းပြီး မိုးသီး ကြွေကျခဲ့ကြောင်း သိရသည်။

 

"မိုးကြီးတယ်။ ပြီးတော့လေလည်းပြင်းတယ်။ ခဏက မိုးသီးတွေလည်း အတုံးကြီးကြီးတွေလည်းကျတ​ယ်လေ။ ဒါပေမယ့် အကြာကြီးမဟုတ်ဘူး။ တစ်ချက်ပဲ ဝုန်းဒိုင်းဝုန်းဒိုင်း လာပြီးတော့ ငြိမ်သွားတယ်။ မိုးရွာတဲ့အချိန်ကတော့ တစ်နာရီ ၁၅ မိနစ် ဝန်းကျင်ပေါ့။" လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်း ဒေသခံ တစ်ဦးက ပြောသည်။

 

အချိန်အခါမဟုတ်မိုးသီးကြွေကျမှုတွေကြောင့် မိုးကာတဲအိမ်တချို့ ခေါင်မိုးပေါက်ပြဲသွားတာတွေလည်း ရှိတယ်လို့ သိရသည်။

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့ ( ဧပြီလ ၂၀ ရက်နေ့ ) လွိုင်ကော်မှာ နေရာကွက်ကြား မိုးထစ်ချုံးရွာနိုင်ပြီး အမြင့်ဆုံးအပူချိန်ဟာ ၃၄ ဒီဂရီစင်တီဂရိတ် နဲ့ အနိမ့်ဆုံးအပူချိန်ဟာ ၂၂ ဒီဂရီစင်တီဂရိတ် ရှိတယ်လို့ ဖော်ပြထားသည်။

 

#ymg/ppk #Local_News #ဒီးမော့ဆို #မိုးသီးကြွေ
#YMG #Yangon-Media-Group